
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ T8 LLC နည်းပညာကုမ္ပဏီမှ ကိုယ်စားလှယ်အဖွဲ့သည်Naypyitaw State Polytechnic University သို့ လာရောက်တွေ့ဆုံခြင်း
နေပြည်တော် ဇန်နဝါရီ ၃၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပုပ္ဗသီရိမြို့နယ်၊ နေပြည်တော်ရှိ Naypyitaw State Polytechnic University သို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ T8 LLC နည်းပညာကုမ္ပဏီမှ ကိုယ်စား လှယ်အဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။အဆိုပါတွေ့ဆုံပွဲအခမ်းအနားတွင် Naypyitaw State Polytechnic University ဒုတိယပါမောက္ခချုပ် ဒေါက်တာစိုးလင်းအောင်မှ ယခုကဲ့သို့ လာရောက်တွေ့ဆုံခြင်းအား ကြိုဆို ပါကြောင်းနှင့် တက္ကသိုလ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ များ၏ စွမ်းဆောင်ရည် မြှင့်တင်ရေးအတွက် လိုအပ်သော ပူးပေါင်းဆောင်ရွက်မှုများကို ဦးစွာ ဆွေးနွေးပြောကြားပါသည်။ ထို့နောက် T8 LLC နည်းပညာကုမ္ပဏီမှ ကိုယ်စားလှယ်အဖွဲ့ ကလည်း ၎င်းတို့ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ T8 LLC နည်းပညာကုမ္ပဏီနှင့် နိုင်ငံတကာ တက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံရှိ နည်းပညာတက္ကသိုလ်များနှင့်လည်း ပူးပေါင်းဆောင်ရွက်လိုပါကြောင်း ဆွေးနွေးပြောကြား ခဲ့ပါသည်။တွေ့ဆုံပွဲသို့ ဒုတိယပါမောက္ခချုပ်နှင့် ဌာနမှူးများနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ T8 LLC နည်းပညာကုမ္ပဏီမှ ကိုယ်စားလှယ်များတက်ရောက်ကြကြောင်း သတင်းရရှိသည်။