နေပြည်တော် ဖေဖေါ်ဝါရီ (၂၁)ရက်

          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပုပ္ဗသီရိမြို့နယ်၊ နေပြည်တော်ရှိ Naypyitaw State Polytechnic University သို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Astra Group PJSC နည်းပညာ ကုမ္ပဏီမှ ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင်  လာရောက်တွေ့ဆုံခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲအခမ်းအနားတွင် Naypyitaw State Polytechnic University ဒုတိယပါမောက္ခချုပ် ဦးဆောင်သောအဖွဲ့သည် တက္ကသိုလ်၏ လက်ရှိအခြေအနေနှင့် ဆောင်ရွက် နေမှုများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး Astra Group PJSC နည်းပညာ ကုမ္ပဏီမှ ကိုယ်စားလှယ် အဖွဲ့သည် ၎င်းတို့ကုမ္ပဏီ၏ ပညာရေးနှင့်ပတ်သက်၍ နည်းပညာဆိုင်ရာဆောင်ရွက်နေမှုများ၊  တက္ကသိုလ်နှင့်ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခဲ့ ပါသည်။

တွေ့ဆုံပွဲအခမ်းအနားသို့ Naypyitaw State Polytechnic Universityမှ ဒုတိယပါမောက္ခချုပ်နှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ၊ ရုရှားဖက်ဒရေးရှင်း နိုင်ငံ Astra Group PJSC နည်းပညာ ကုမ္ပဏီမှ ကိုယ်စားလှယ်များ တက်ရောက် ကြကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *